Home » Activities Plan

Activities Plan

သင်ကြားရေးအစီအစဉ်

ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)တွင် သင်ကြားပို့ချလျက်ရှိသော ကွန်ပျူတာဘာသာရပ် များမှာ ပရိုဂရမ်နည်းပညာ(Software)ဘာသာရပ်များ ၊ စက်နည်းပညာ(Hardware) ဘာသာ ရပ်များ၊ အသုံးချနည်းပညာ (Application)ဘာသာရပ်များ၊ သုတသိပ္ပံ (Information Science) ဘာသာရပ်များနှင့် တွက်ချက်ရေးသင်္ချာ(Computational Mathematics) ဘာသာရပ် များဖြစ်ပါသည်။

ပညာသင်နှစ်တစ်နှစ်စာကျင်းပမည့်အစီအစဉ်များ

ljj                                                                          ကျောင်းသားများလက်တွေ့သင်ကြားမှုမှတ်တမ်း

tttကျောင်းသား/ကျောင်းသူများ စာတွေ့လက်တွေ့သင်ကြားမှုမှတ်တမ်း

အောက်တွင်ဖော်ပြထားသော Activities များကိုပြုလုပ်မည်ဖြစ်ပါသည်။

– စီနီယာကျောင်းသား/ ကျောင်းသူများမှ မောင်မယ်သစ်လွင် ကျောင်းသား/ကျောင်းသူများကို ကြိုဆိုပွဲပြုလုပ်ပေးခြင်း။
-လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ ပြည်ထောင်စုနေ့အထိမ်းအမှတ် အမျိုးသားစိတ်ဓါတ်ရှင်သန် ထက်မြက်ရေးအတွက် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများ၊ အင်္ဂလိပ်စာကျပန်းစကားပြောပြိုင်ပွဲနှင့် Essay ပြိုင်ပွဲများ အားကစားပြိုင်ပွဲများကျင်းပခြင်း။
-ပြည်ထောင်စုနေ့အထိမ်းအမှတ်အနေဖြင့် စျေးရောင်းပွဲတော်များကျင်းပခြင်း။
– ကျောင်းသား၊ ကျောင်းသူများ စည်းလုံးညီညွတ်မှုရှိစေရန် ထမင်းနဲထိုးပွဲကျင်းပခြင်း။
– ကဆုန်ညောင်ရေသွန်းပွဲတော်ကို ဗုဒ္ဓဘာသာအသင်းကဦးစီးပြီး ညောင်ရေသွန်းခြင်း။
– ါတွင်းကာလတွင် ါဆိုသင်္ကန်းများ ကပ်လှူပူဇော်ပွဲကျင်းပခြင်း။
– ကျောင်းသား၊ ကျောင်းသူများမှ ဆရာ၊ ဆရာမများအား အာစရိယပူဇော်ပွဲကျင်းပခြင်း။

ကျောင်းစာကြည့်တိုက်ထားရှိသည့်အစီအစဉ်

ကွန်ပျူတာတက္ကသိုလ်(လွိုင်ကော်)ရှိ ကျောင်းစာကြည်တိုက်တွင် ပြဌာန်းစာအုပ်များ၊ သုတ၊ ရသဆိုင်ရာစာအုပ်များ၊ သုတေသနနှင့်ဆိုင် စာတမ်းများကိုထားရှိပါသည်။ ထို့အပြင် ကျောင်း သား၊ ကျောင်းသူများ စာရှာဖွေရာ၌လွယ်ကူစေရန် Computer(၁)လုံးအား Internet ချိတ်ဆက်၍ ထားရှိပါသည်။

(စ) ကျောင်းသား၊ ကျောင်းသူများအား စာသင်ခန်းအတွင်း၌ ဂရုတစိုက်သင်ကြားပေးခြင်း၊ သင်ကြား ပြီးသည့်သင်ခန်းစာများကိုချက်ခြင်းပြန်လည် မေးမြန်းဆွေးနွေးမှုများဖြင့် သင်ကြားခြင်း၊ ကျောင်းသား၊ ကျောင်းသူများ၏ အရည်အသွေးသိရှိစေရန် Tutorial များစစ်ဆေးခြင်း၊ အချိန်မရွေးနားမလည်သော သင်ခန်းစာများအား လွတ်လပ်စွာတိုင်ပင် ဆွေးနွေးမေးမြန်းစေခြင်း တို့ကိုပြုလုပ်၍  ဆောင်ရွက်ထားရှိပါသည်။